အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများ၊ Oxygen အိုးများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်          အောက်တိုဘာ          ၂၈

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေးအတွက် အလှူငွေများ၊ Oxygenအိုးများနှင့် ဆက်စပ် ပစ္စည်းများ ကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက  အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဦးအောင်ဖြိုး+ဒေါ်ကြည်သဲစု မိသားစုမှ Oxygen Cylinder 40L(၁)အိုး၊ဦးအောင်ဝင်း မိသားစုမှ Surgical Gowns+caps(50)sets၊ မယဉ်ယဉ်အေး Las Vagas USAမှ Surgical Gowns+caps(50)sets၊ဦးဝင်းရှိန်+ ဒေါ်မြင့်မြင့် သင်း(ခ)ဒေါ်သင်းသင်းဝင်းရှိန် မိသားစု Woodstock,New York,USAမှSurgical Gowns+caps (50)sets၊ဦးအောင်ကျော်သိန်း မိသားစုနှင့်မင်္ဂလာဆေး(ရေကျော်)ဝန်ထမ်းများမှ Surgical Gowns+ caps(50)sets၊ဦးလှဝင်းအောင်+ဒေါ်ထက်ဆွေဇင်ဦး မိသားစုမှ ငွေကျပ်(၃)သိန်း၊ကွယ်လွန်သူ ပါမောက္ခ ဦးကိုကိုသန့်(မျက်စိအထူးကုဆရာဝန်ကြီး)အား ရည်စူး၍ တပည့်များမှ Oxygen Concentrator(၁)လုံး တို့အား အလှူရှင်များက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ အသီးသီး လှူဒါန်းရာ အင်းစိန်အထွေ ထွေရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)