မြစ်သား၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ရန်ပုံငွေများထုတ်ချေး
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP) ကျေးလက်ဒေသနေပြည်သူများ၏ မိသားစုဝင်များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာသို့ ရန်ပုံငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။