ပင်လောင်းမြို့နယ်တွင် အထူးရဲ သင်တန်းဆင်းပွဲပြုလုပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရင်းမှီး၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၄) ဦးနှင့် အရန်(၂)ဦးအား အောက်တိုဘာ ၁ ရက်မှ စတင်၍ ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ အထူးရဲများ သင်တန်းဆင်း

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နေပြည်တော်တပ်ကုန်းမြို့နယ် အတွင်းရှိ မဲရုံများတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲများရွေးချယ်ခန့်အပ်ပြီး သင်တန်းပို့ချပေး ခဲ့ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မဲရုံ(၉၇)ရုံ၌ လုံခြုံရေး တာဝန် ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အထက-တနင်္သာရီ ပညာရတနာခန်းမအတွင်း ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်နှင့် သင်တန်းမှူး ရဲအုပ်အောင်ကြည်သိန်းနှင့် အုပ်ချုပ်သူများ၊ နည်းပြဆရာများနှင့် အထူးရဲတပ်ဖွဲ့ဝင် (၉၈) ဦးတို့ တက်ရောက်ခဲ့ကြသည်။

သိန္နီမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ကြိုတင်မဲဆန္ဒရှင်လက်မှတ်များ၊ မဲဆန္ဒရှင်စာရင်းများနှင့်မဲရုံးသုံးပစ္စည်းများထုတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ကြိုတင်မဲဆန္ဒရှင်လက်မှတ်များ၊ မဲဆန္ဒရှင်စာရင်းများများနှင့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ပြောင်းရွှေ့ နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကွမ်းလုံမြို့နယ်တွင် မန်ပြိန်းကျေးရွာအုပ်စုရှိ မဲရုံ(၃)ရုံအတွက် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ပြန်လည်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ မန်ပြိန်းကျေးရွာအုပ်စုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ‌ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းမှ ပယ်ဖျက်လိုက်သည့်အတွက် မန်ပြိန်းကျေးရွာအုပ်စုရှိ မဲရုံ(၃)ရုံအတွက် ကြိုတင်မဲလက်မှတ်များ နှင့် မဲရုံသုံးပစ္စည်း(၂၃)မျိုးအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းဆင်းပွဲကို အ.ထ.က ပညာရတာနာခန်းမ၌ ယနေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပသည်။

လမ်းမတော်မြို့နယ် Community Based Facility Quarantine Center သို့ နေ့လယ်စာနှင့် ညနေစာ ထမင်းဘူးများ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နေ့လယ်စာနှင့် ညနေစာ ထမင်းဘူး(၈၅)ဦးစာအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to