ဒဂုံ(ဆိပ်ကမ်း) အောက်တိုဘာ ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့်ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအနေဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ငါး၊ဟင်းသီးဟင်းရွက်၊ စားသောက် ကုန်များအား ယမန်နေ့ နံနက်(၀၆:၃၀) နာရီမှ နံနက်(၁၀:၃၀) နာရီအချိန်ထိကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ညီနောင်အသင်းတို့ကြီးမှူး၍ လာရောက်ရောင်း ချပေး ခဲ့ကြောင်း သိရသည်။
ထိုသို့လာရောက်ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၆၁)ရပ်ကွက်၊ ရတနာနှင်းဆီအိမ်ရာ ဝင်းအတွင်းနှင့် ဧရာချမ်းသာအိမ်ရာဝင်းအတွင်း၌ စျေးကားဖြင့် လှည့်လည်ရောင်းချရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ စည်းကမ်း ထိန်းသိမ်း ရေးအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တို့ ကသတ်မှတ်စည်း ကမ်းများနှင့် အညီ ရောင်းချနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြောင်း သိရသည်။
ယခုကဲ့သို့ လာရောက်ရောင်းချမှုအပေါ် ပြည်သူတစ်ဦးက “အခုလို ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုကာလမှာစျေးနှုန်းချိုသာစွာနဲ့ သန့်ရှင်းလတ်ဆတ်တဲ့အသား၊ ငါး၊ စား သောက်ကုန်များ လာရောက်ရောင်းချ ပေးတဲ့အတွက် ရောဂါကူးစက်မှုကို ကာကွယ် ထိန်းချုပ်ရာ ရောက်ပါသဖြင့် ဝမ်းမြောက်စွာ ကျေးဇူး တင်ရှိပါတယ် ၊ တစ်ပတ်တစ်ကြိမ် လာရောက်ရောင်းချ ပေး စေလိုပါ တယ်' ဟု ပြောကြားပါသည်။
နန်းရွှေကြည်(ပြန်/ဆက်)