ပန်းတနော်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား သင်တန်းဆင်း လက်မှတ်ပေးအပ်

ပန်းတနော်  အောက်တိုဘာ  ၂၈

ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်​မည့် အထူးရဲသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အထူးရဲသင်တန်းဖွင့်လှစ်သည့် နေရာအသီးသီး၌ ပေးအပ်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် မဲရုံပေါင်း(၂၁၇)ရုံရှိပြီး အဆိုပါ မဲရုံလုံခြုံရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၂၁၇)ဦးတို့ကို အောက်တိုဘာ ၁ ရက်နေ့မှ ​​၂၈ ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ပြီး အထူးရဲသင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)