တောင်ငူ၌ မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်း ကြည့်ရှု
တောင်ငူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များက ယမန်နေ့က ရပ်ကွက်နှင့် ကျေးရွာ များသို့ သွားရောက်၍ မဲဆန္ဒရှင်များ၏ အမည်စာရင်း ကြေညာ ထားရှိမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်းသိရသည်။