ပုလော၊ အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့သည် ယနေ့နံနက် (၁၁) နာရီခွဲက ပုလောမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများနှင့် တပ်မတော်စက်ရုံထုတ် စားသောက် ကုန်ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် တိုင်းမှူးနှင့်အဖွဲ့သည် ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် Oxygen Concentrator အသေး(၁)လုံး၊ Oxygen Clinder အိုး(၅)စုံ၊ OT Gawn (၂၀၀) ခု၊ Sugical Gloves (၅) စုံ၊ Face Shield (၃၀) ခု၊ Hand Sanitizer (၅၀) ဗူး၊ Mask (၅၀) ခုပါ (၂၀)ဗူး၊ ကြက်ဥ (၅၀၀)လုံ:၊ ခေါက်ဆွဲခြောက် (၅၀) ထုပ်၊ မာရီဘီစကစ် (၃) ဖာ၊ ရွှေဖီဦး (၁၀)ထုပ်၊ နန်းမြိုင် (၁၀) ထုပ် ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ပြုံးချိုက လက်ခံရယူခဲ့သည်။
ယင်းနောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချိုက ပုလောမြို့နယ်တွင် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အေးအေးမော် (ပုလော ပြန်/ဆက်)