ဟင်္သာတ အောက်တိုဘာ ၂၈
ဟင်္သာတမြို့နယ်တွင် ဖွင့်လှစ်ရောင်း ချလျက်ရှိသည့် ဈေးကြီးများနှင့် ပျံကျဈေးများတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချ ခြင်းရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့များနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၁၀ နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများနှင့် ပျံကျဈေးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီရောင်း ချနေမှု၊ ဈေးရောင်းချရာတွင် နှာခေါင်းစည်း(Mask)နှင့် Face Shield တပ်ဆင် ရောင်းချခြင်းရှိ/မ ရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများတွင် နှာခေါင်းစည်း (Mask) တပ်ဆင် လာခြင်းမရှိပါက (Mask) တပ်ဆင် သွားလာရောင်းချရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးများတွင် နေ့စဉ်စစ်ဆေး၊ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)