မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်၍ ပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာငွေများပေးအပ်
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်စွန့်ခွာ ၍ ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်ကြသူများ အား ယနေ့ မွန်းတည့် ၁၂ နာရီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာငွေများ အား မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။