ပြင်စလူ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

 ပြင်စလူ  အောက်တိုဘာ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ()နာရီအချိန်တွင် အ.ထ.က ပြင်စလူကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် မြို့အထွေထွေအုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲအုပ် မျိုးမင်းဦးက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား(၈၀)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ဖြိုးသူ(ပြန်/ဆက်)