ဝါးခယ်မ၌ ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ဝါးခယ်မ  အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲရုံ ၃၃၃ ရုံ၌ အသုံးပြုမည့် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၇ နာရီက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ မဲလက်မှတ်၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ ချိတ်တံဆိပ်၊ ဆာလာအိတ်များ၊ စတေကာများ၊ စာရေးကိရိယာများ၊ Mask နှင့် လက်သန့်ဆေး ရည်များနှင့် ကြိုတင် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း၊ ဝါးခယ်မ မြို့နယ်တွင် မဲရုံ ၃၃၃ ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၂၂၇၄၄၈ ဦးရှိကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)