ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းမည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရှလွယ်ခန်းမ၌ ပြုလုပ်သည်။

ကော့ကရိတ်ခရိုင်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လုံခြုံရေးစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးသစ်) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမ(၁)ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာ ၂၈ ရက် နံနက်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။

သရက်ခရိုင် ဆင်ပေါင်ဝဲမြို့တွင်အထူးရဲသင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပသည်။

မိုးမောက်မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

​ပျော်ဘွယ်မြိုတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက်(၈)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ(Positive)ရှိသူနှင့် အနီးကပ် ထိတွေ့ခဲ့သူများအား (RDT) Test kit အသုံးပြု၍စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ရှိ အထက(၁)အသွားအလာကန့် သတ်စောင့်ကြည့်ရေးစင်တာ တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary  Contact) (၁၉) ဦးအား ယမန်နေ့မနက်ပိုင်းက(RDT)Test Kit အသုံးပြု၍ စစ်ဆေးခဲ့ရာ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၄)ဦးတို့တွင်ကိုဗစ်-၁၉-ရောဂါပိုး(Positive) တွေ့ရှိကြောင်းသိရသည်။

လယ်ဝေးမြို့နယ်၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ အ.ထ.က(၁) ရွေရတု ခန်းမ၌ ကျင်းပခဲ့သည်။

သာယာဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲကို   မိုးလုံလေလုံအားကစားခန်းမ၌  ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ် သည်။
Subscribe to