ပုလော အောက်တိုဘာ ၂၈
ပုလောမြို့နယ် ရဲတပ်ဖွဲ့၌ အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပုလော မြို့နယ်၊ တောင်ယာကမ်းကျေးရွာ အထက (ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် ရဲတပ်ဖွဲ့ယာယီရဲမှူး ခင်မောင်ဆန်းက အထွေထွေ ရွေးကောက်ပွဲကြီးဟာ နီးကပ်လာပြီဖြစ်၍ ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍအ အရေးကြီး လာနေပြီဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား ပို့ချခဲ့သည့်အတိုင်း ရွေးကောက်ပွဲဆိုင်ရာ ဉပဒေ လုပ်ထုံး၊လုပ်နည်းများ ညွှန်ကြားချက်များ သိရှိနားလည်၍ လက်တွေ့ ဆောင်ရွက်သွားရန် အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းဆင်း လက်မှတ်များကို ယာယီ ရဲမှူးက ပေးအပ်ချီးမြှင့်ခဲ့ရာ အထူးရဲများကိုယ်စား အထူးရဲ ရှိန်ထက်အောင် လက်ခံခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည်နှစ် နို၀င်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ်တွင် မဲရုံ (၈၉) ရုံရှိ ပြီး၊ အထူးရဲ ၈၉ ဦးနှင့် အရံ ၄ ဦးစုစုပေါင်း ၉၃ ဦးကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ပုလော မြို့နယ်တွင် သင်တန်းခန်းမ(၂)ခု ၊ ပလောက်မြို့တွင် (၁) ခု၊ ပလမြို့တွင် (၁) စုစုပေါင်း သင်တန်းခန်းမ (၄) ခုဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ ထိ ရက်သတ္တပတ် (၄) ပတ်ကြာဖွင့်လှစ် သင်ကြားခဲ့ ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)