ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့ သရုပ်ပြသ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက အမက-ရွေဘုံသာကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း မိုးစပါးစိုက်ပျိုးခင်းများ အောင်မြင် ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ် ရေတင် စီမံကိန်းတွင် မိုးစပါး စိုက်ပျိုးခင်းများအောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း သိရှိရသည်။

ဟင်္သာတမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာများရှိ မဲရုံအသီးသီးတွင် အသုံးပြုရန် မဲရုံသုံးပစ္စည်းများထုတ်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်း အမျိုးမျိုးကို ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

ပေါင်းတည်မြို့နယ်တွင်  ကိုဗစ်   ၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိင်ရေး အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ (၇၉)ဦးထံမှ  နှာခေါင်းနှင့်အာခေါင်တို့ပတ် Swab   များရယူ

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်   ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ   ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ  (၇၉)ဦးထံမှ  နှာခေါင်းနှင့် အာခေါင်  တို့ပတ် (Swab)များရယူခြင်းကို   ယနေ့  နံနက်ပိုင်းက  မြို့နယ်နှင့်ကျေးရွာများရှိ  သက်ဆိုင်ရာ  Quarantine Centre နှင့်H Qနေရာ (၁၁)နေရာသို့  ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်း Swab Team  အဖွဲ့  ၃  ဖွဲ့ဖြင့် သွားရောက်ဆောင်ရွက် ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများ သင်တန်း ဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ များ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈ )နာရီက သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ရွှေဘိုမြို့နယ်အတွင်းရှိ မိဘပြည်သူများ စိတ်ချမ်းမြေ့ လွတ်လပ် လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များနှင့် ဌာနဆိုင်ရာများလိုက်ပါ၍ ယနေ့ နံနက်(၈)နာရီက လာမည့် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ (၈)ရက်နေ့၌ အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ရွှေဘိုမြို့နယ်အတွင်းရှိ မိဘ ပြည်သူများ စိတ်ချမ်းမြေ့ လွတ်လပ် လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက် ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကမာရွတ်မြို့နယ်တွင်သား၊ ငါး၊စားသောက်ကုန်များ ရပ်ကွက်များအရောက်ဈေးကားများ ဖြင့်လှည့်လည် ရောင်းချပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန် မှုဖြင့် လတ်ဆက်သောသား၊ငါး၊ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ရပ်ကွက်များအတွင်း  ရောင်း ချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖလမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီ(၃)ခုမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း(၂)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်အတွင်း ပါတီ(၃)ခုမှ ကိုယ်စားလှယ်လောင်း(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ် လောင်း(၂)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်တွင်ကြိုတင်ဆန္ဒမဲများပေးနိုင်ရန်အတွက်ဆန္ဒမဲလက်မှတ်များထုတ်ပေး

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင်ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/   ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ ယနေ့နံနက် (၉)နာရီက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးခဲ့ကြောင်းသိရသည်။

ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန် ခန့်က ရွှေကျင်မြို့မရဲစခန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအေဝးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to