ဆီဆိုင်၌ ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်

ဆီဆိုင်    အောက်တိုဘာ       ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ ညပိုင်းတွင် ပိတ်ဆို့ရှာဖွေရေး လုပ်ငန်း များကို ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိတ်ဆို့ရှာဖွေစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများတို့ ပူးပေါင်းအဖွဲ့က အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်မူးယစ်ဆေးဝါး၊ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်မှု မရှိစေရေး တို့အတွက် ဆီဆိုင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်များ၊ အိမ်စီးကားများ၊ မော်တော်ဆိုင်ကယ်များကို ရပ်တန့်စေပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသပြင်ပမှဖြတ်သန်းသွားလာသည့် ခရီးသွားယာဉ်များအား သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံစာပါမပါ၊ နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင် သွားလာ ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သွားလာစေရေး အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)