မအူပင်မြို့နယ် ရေလဲကလေးကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်

မအူပင် အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးဦးကိုကိုဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးဇော်မျိုးဌေးနှင့် တပ်ဖွဲ့ဝင်တာဝန်ရှိသူများက မအူပင်မြို့နယ် ရေလဲကလေးကျေးရွာအုပ်စု နယ်မြေမီးသတ် စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ရန် အသိပညာပေးဆွေးနွေးပြီး တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား သွေးပေါင်တိုင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)