အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စု များအား မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး အောက်တိုဘာ ၂၈

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား မန္တလေး တိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် နေရာတွင် ပြုလုပ်သည်။

ပြည်ကြီးရန်လုံရပ်ကွက်တွင် အသွားအလာကန့်သတ်ထားသည့် အကွက် (၄၁၅/S1) ရှိ အိမ်ထောင်စု (၁၃၅) စုအတွက် စားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန် (၂၀) အိတ်နှင့် (၁၀) ပြည်၊ ဆီ (၁၂၂) ပိဿာ (၅၀) ကျပ်သား၊ ခေါက်ဆွဲခြောက် (၂၄၅) ကာတွန်း၊ ကြက်ဥ (၂၄၅၀) လုံးနှင့် ထောက်ပံ့ပစ္စည်းများ ဖြစ်သည့် ဆပ်ပြာခဲ(၄၉၀)ခဲ၊ နှာခေါင်းစည်း (၁၄၇၀)ခုတို့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ထောက်ပံ့ပေးအပ်ရာ ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး‌ဇော်မိုးလွင်က လက်ခံရယူပြီး အဆိုပါ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များက အိမ်ထောင်စုများအလိုက် အချိုးကျခွဲဝေလျက် အိမ်တိုင်ရာ‌ရောက် ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)