ဘားအံမြို့၌ အထူးရဲသင်တန်းဆင်းကျင်းပ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ရာ ဘားအံမြို့ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တန်းခွဲ(၁)၊ (၂)၊ (၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၂)ရပ်ကွက်၊ သစ္စာလမ်း၊ အမိတာရာမ ရဲကျောင်းတိုက်တွင် ကျင်းပသည်။