ဘားအံ အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ရာ ဘားအံမြို့ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တန်းခွဲ(၁)၊ (၂)၊ (၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၂)ရပ်ကွက်၊ သစ္စာလမ်း၊ အမိတာရာမ ရဲကျောင်းတိုက်တွင် ကျင်းပသည်။
အဆိုပါ အထူးရဲသင်တန်း တန်းခွဲ(၁)တွင် သင်တန်းသား ၃၀ ဦး၊ တန်းခွဲ(၂)တွင် ၂၉ ဦး၊ တန်းခွဲ(၃)တွင် ၂၉ ဦး စုစုပေါင်း ၈၈ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းကာလမှာ ၂၈ ရက်ကြာမြင့်ခဲ့ကာ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူး တင်ထွန်းအောင် က မိမိတို့သက်ဆိုင်ရာနယ်မြေရဲစခန်းပိုင် မဲရုံများတွင် တာဝန်ထမ်းဆောင် ကြသည့်အခါ သင်တန်းမှ ပို့ချလိုက်သည့် ဥပဒေပညာရပ်များ၊ စစ်ရေးပြပညာရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ အထက်မှပေးအပ် သော တာဝန်များကို အမှားအယွင်းကင်းစွာဖြင့် ထမ်းဆောင်ကြရန်၊ မိမိတို့လုံခြုံရေးတာဝန်ထမ်းဆောင်ရမည့် မဲရုံနယ်မြေအတွင်း ထူးခြားမှုဖြစ်စဉ်များရှိပါက အချိန်နှင့် တစ်ပြေးညီဆက်သွယ်သတင်းပို့ရန်၊ မဲရုံသို့လာရောက်မဲပေးမည့်သူများအား ရိုင်းပြစွာပြောဆို ဆက်ဆံခြင်း မပြုကြရန် ကူညီပေးကြရန် မှာကြာခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်၊ ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဍအောင်၊ သင်တန်းမှူးရဲအုပ်အောင်သန်းဝင်းနှင့်သင်တန်းနည်းပြများ၊ အထူးရဲ သင်တန်း သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)