လက်ပံတန်းမြို့နယ်တွင် နယ်မြေရဲစခန်းအလိုက် အထူးရဲသင်တန်းဆင်းပွဲများကျင်းပ

လက်ပံတန်း အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေး ကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းများဆင်းပွဲကို ယနေ့နံနက်တွင် သက်ဆိုင်ရာ သင်တန်းနေရာ များ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့ပေါ်မဲရုံလုံခြုံရေးအထူးရဲသင်တန်းဆင်းပွဲကို ၂လမ်းခန်းမ ၌ ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇေယျက သက်ဆိုင်ရာမဲရုံတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရန်၊ အထူးရဲများလိုက်နာရမည့် စည်းကမ်း ကျင့်ဝတ်များကို လိုက်နာကြရန် ပြောကြားခဲ့သည်။

မြို့ပေါ်တွင် အထူးရဲ သင်တန်းသား (၇၈)ဦး၊ အ.မ.က ကျုံလဟာတွင် သင်တန်း သား (၃၉)ဦး၊အ.ထ.က ခမုံဆိပ်တွင် (၃၄)ဦး၊ အ.ထ.က ဇီးဖြူကုန်းတွင် (၂၅)ဦး တို့ကို ၁-၁၀-၂၀၂၀ မှ ၂၈-၁၀-၂၀၂၀ထိသင်တန်းပို့ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး