မော်လိုက် အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း အမှတ် စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီက မော်လိုက်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ယင်းသင်တန်းဆင်းပွဲသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အထူးရဲသင်တန်း သားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အထူးရဲများကို အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ အမှတ်(၃) အခြေခံ ပညာမူလတန်းကျောင်းတွင် လက်နက်မဲ့စစ်ရေးပြနှင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ စသည့် ဥပဒေဘာသာရပ် များကို သင်ကြားပေးခဲ့ကြောင်း၊ မော်လိုက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံပေါင်း(၅၂)ရုံဖွင့်လှစ်သွား မည်ဖြစ်ရာ မဲရုံတစ်ရုံလျှင် အထူးရဲ တစ်ဦးနှုန်းဖြင့် အထူးရဲ(၅၂)ဦး အရန်(၂)ဦး စုစုပေါင်း အထူးရဲ(၅၄)ဦးတို့ကိုခန့်ထားကာ သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး