ရေဖြူမြို့နယ်တွင်အထူးရဲသင်တန်းဆင်းပွဲ၌ တူညီဝတ်စုံ၊ လစာနှင့်ရိက္ခာငွေပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမည့် မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရေဖြူမြို့ ဓမ္မမာမကကျောင်း ဓမ္မာရုံတွင်ကျင်းပခဲ့သည်။