ပြင်ဦးလွင် အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့၊ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ (အထက - ၁ ) ၊ ဧရာဝတီ ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်ဇော်မြင့်မှ သင်တန်းဆင်း အမှာစကား ပြောကြား ပြီး တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးတာဝန်ယူရသည့် အထူးရဲများကို အောက်တိုဘာ (၁) ရက်နေ့မှ စတင်ပြီး စာတွေ့၊ လက်တွေ့နှင့် စစ်ရေးပြတို့အား စနစ်တကျ သင်ကြားပို့ချ ခဲ့ပြီးဖြစ်ရာ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )