မိုင်းယန်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌အောင်မြင်စွာ ကျင်းပရေးလုပ်ငန်းများ‌ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်မိုင်းယန်းမြို့တွင် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ‌အောင်မြင်စွာကျင်းပရေးလုပ်ငန်းများ‌ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့များတွင် ဖွင့်လှစ်လျက်ရှိသော အထူးရဲသင်တန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်​ကျော်သည် ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အထူးရဲသင်တန်းသို့ အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းက လာရောက်၍ သင်တန်းသားများနှင့်တွေ့ဆုံကာ စစ်ရေးပြ ဘာသာရပ်များနှင့် ဥပဒေဘာသာရပ်များ သင်ကြားရသည့် ရည်ရွယ်ချက်နှင့် လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အကျိုးသက်ရောက်ပုံ၊ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်အောင် ချပြရှင်းလင်းခြင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရအောင် စည်းကမ်းတကျ နေထိုင်ရန်၊ ရွေးကောက်ပွဲ ဥပဒေနှင့်လုံခြုံရေး ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မည်သည့်ပါတီမှ ဘက်လိုက်မှု မရှိဘဲ တာဝန်များဆောင်ရွက်ရန်၊ ရွေးကောက်ပွဲနေ့တွင် ကြုံတွေ့နိုင်သည့် ဖြစ်စဉ်များ ချပြ ရှင်းလင်းခြင်း၊ အုပ်ချုပ်မှုကိစ္စများ အဆင်ပြေမှု ရှိ/မရှိ၊ ချက်ပြုပ်ကျွေးမွေးမှု၊ အိပ်ဆောင်၊ သင်တန်းခန်းမ၊ ရေ၊ မီးရရှိမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သင်ကြားပို့ချမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း

ကျောက်မဲခရိုင် ၊ နောင်ချိုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်၍ လုပ်ငန်းများကြိုတင် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးနှင့် မွန်းလွဲပိုင်းက မိုင်းလုံးမီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။

ဟိုပန်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရောက်ရှိနေကြသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်း မရှိတဲ့အတွက် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရစေရေး ပုံစံ(၁၅) ရေးသွင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနဲ့ ချိတ်ဆက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက် ၈နာရီမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူတွင် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နမ္မတူမြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရပ်စောက်မြို့တွင် အထူးရဲ(Special Police)သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ (Special Police) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝနာ ရီက မြို့ကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့် အညီလုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်‌ပြေအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့ နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပ ခဲ့သည်။
Subscribe to