ကျိုက်ဒုံမြို့တွင် အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဆင်းပွဲကျင်းပ

ကျိုက်ဒုံ အောက်တိုဘာ ၂၈

(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲရုံ လုံခြုံရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဆင်းပွဲကို ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ကျိုက်ဒုံမြို့ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦးမှ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ဥပဒေဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ရှောင်ရန်ရှောင်ရန်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အထူးရဲတပ်ဖွဲ့ဝင်များ သိရှိနားလည်နိုင်စေရေးအတွက် ရည်ရွယ်ပြီး သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း (၂၇) ရုံရှိကြောင်း သိရပါသည်။

အခမ်းအနားသို့ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ ရဲအရာရှိများ၊ သင်တန်းနည်းပြ (၅) ဦး၊ သင်တန်းသား (၂၇) ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး အောက်တိုဘာလ (၂၈) ရက်နေ့အထိ (၄) ပတ်ကြာ အောင်မြင်စွာ သင်တန်းပို့ချ နိုင်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်