ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ  ၂၃ ဦး ရောဂါပျောက်ကင်း၍ဆေးရုံများမှဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ကိုဗစ်-​၁၉ ရောဂါပိုး​တွေ့ရှိပြီး တောင်ငူခရိုင် ပြည်သူ့ ဆေးရုံကြီးတွင်​ ဆေးကုသမှု ခံယူ​နေ​သော အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံမှ အမျိုးသမီး ၆ ဦး၊ ဆွာမြို့တိုက်နယ်ဆေးရုံမှ အမျိုးသား ၁ ဦး စုစု​ပေါင်း ၂၃ ဦးတို့ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ၂၀၂၀  ပြည့်နှစ်၊နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပ မည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရာ၌ လုံခြုံရေး တာဝန်များထမ်းဆောင်နိုင်ရန် အထူးရဲသင်တန်းကိုအောက်တိုဘာလ(၁)ရက်နေ့မှစ၍ ဖွင့်လှစ်ထားရှိရာ ယနေ့နံနက် ၈နာရီက အထူးရဲသင်တန်းဆင်းပွဲကို မြို့ဦးစေတီာ သာသနာ့ဗိမာန်တော်တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာ၀န် ထမ်းဆောင်မည့်အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင်လုံခြုံရေးတာ၀န်ထမ်းဆောင်ကြမည့်အထူးရဲသင်တန်းဆင်းပွဲကို‌အောက်တိုဘာ၂၈ရက် နံနက်(၈)နာရီအချိန်ခန့်က ရွှေကျင်မြို့မရဲစခန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအေဝးခန်းမတွင် ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာနဝန်ကြီးဦးထွန်းထွန်းဦးနှင့်ခရိုင် အတွင်းရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး၊ လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီး ဦးထွန်းထွန်းဦးသည် အောက်တိုဘာလ ၂၈ ရက်နေ့  နေ့လယ် ၂ နာရီက သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သာယာဝတီခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

နှံ​ကောက်စပါးမျိုး​စေ့ထုတ် စံပြစိုက်ခင်းအား စံကွက်ရိတ်သိမ်း​တောင်သူနည်းပညာ​ပေးနှင့် ကွင်းလက်​တွေ့ပြသ

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့စိုက်ပျိုး​ရေဦးစီးဌာနနှင့် စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့(YSI)တို့သည် ယ​နေ့နံနက်ပိုင်းက ​ကော့နွဲ​ကျေးရွာအကျိုး​ဆောင်​တောင်သူ​ ဒေါ်​စေး​စေးလွယ်၏ လယ်​မြေ၃ဧက၌​တောင်သူများကို ပျိုးသက်နုကြဲ SRIစိုက်နည်းစနစ်ဖြင့် နှံ​ကောက်စပါးမျိုးမျိုး​စေ့ထုတ် စံပြစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်း အသိပညာ​ပေးဆွေး​နွေးခြင်းနှင့် ကွင်းလက်​တွေ့ပြသခြင်းကို ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ဟိုပန်မြို့၌ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီ အချိန်က ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင်မဲပေးရာတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျှက်ရှိကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဆင်းပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေရာ (၇)နေရာ ခွဲ၍ ကျင်းပသည်။

တာချီလိတ်မြို့၌ မဲရုံလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲအောင်မြင်စွာ ကျင်းနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းဝေးကို ယနေ့ ၁၀ နာရီအချိန် ပါလ်ံ ဘုံကျောင်းခန်းမ၌ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်း ၄၀ ဦးအတွက် ငွေသားကျပ်သိန်း(၈၀)ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ရှမ်းပြည်နယ်ရှိ ရန်ကုန်မြို့သို့ သွားရောက် တာဝန်ထမ်းဆောင်မည့်ကျန်းမာရေးသူနာပြုဝန်ထမ်း ၄၀ ဦးအတွက် ထောက်ပံ့ငွေသိန်း(၈၀)ကျပ်ထောက်ပံ့လှူဒါန်း ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ ဘောဇနဆောင်၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့တွင် ဆောင်းသီးနှံကြက်သွန်ဖြူ စတင်စိုက်ပျိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး ကြက်သွန်ဖြူစိုက်ပျိုးခြင်းကို မိရိုးဖလာလုပ်ကိုင်ခဲ့ကြရာ ဆောင်းသီးနှံ ကြက်သွန်ဖြူကို ယခုလမှစ၍ စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။
Subscribe to