အရာတော် အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားနိုင်ရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ခန့်အပ်ထားရှိသော ရွေးကောက်ပွဲဆိုင်ရာ အထူးရဲများ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆရာစံ ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်နှင့် ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး အဖွဲ့ဝင် ဦးတင်ထွန်းတို့က သင်တန်းဆင်း အမှာစကား အသီးသီး ပြောကြားခဲ့ကြ သည်။အရာတော်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲအင်အား ( ၁၂၃ )ဦး ခန့်အပ်ထား ရှိပြီး၊ အထူးရဲများအား မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၈၂) ဦး၊ ရွာသစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ( ၄၁ ) ဦးဖြင့် နှစ် နေရာ ခွဲကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ပြည်သူ လူထုနှင့် ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အား အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
နွယ်နီမြင့်