တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်၍ အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့ နေ့လယ်က လာ‌ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကော့သောင်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း Volunteer များ ရန်ကုန်မြို့သို့ ထွက်ခွာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး လုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကော့သောင်း မြို့နယ်မှ ကျန်းမာရေးဝန်ထမ်း Volunteer များ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး မှတစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွား ကြောင်းသိရသည်။

မတူပီမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မတူပီ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ နှင့် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက် များအား ရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီ၌ အသက်(၆၀)နှင့် အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင် ဆန္ဒမဲထည့်ပေးခြင်း စတင်ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ် စားလှယ်နေကာများအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲဆန္ဒနယ်မြေကျော်လွန်၍ တာဝန်ထမ်းဆောင်ရန် သွားရောက်ရမည့် ဝန်ထမ်းများ၊ အထူးရဲတပ်ဖွဲ့ ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ယမန်နေ့ နံနက်၈နာရီမှ ညနေ(၆)နာရီ  အချိန်အတွင်း ကြိုတင်ဆန္ဒမဲထည့်ပေးခြင်းအား ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးကြကြောင်း ရပ်ကွက် ကော်မရှင်အဖွဲ့ ခွဲရုံးများမှ သိရှိရသည်။

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး

 ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယမန်​နေ့ နံနက်(၈)နာရီမှညနေ(၆)နာရီထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ချင်းရွှေဟော်တွင် တရုတ်နိုင်ငံမှပြန်လာသည့်နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေး၍  သက်ဆိုင်ရာ ဒေသများ သို့ လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၃)ဦး အား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/ မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန်ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ယမန်နေ့၊ ညနေ(၄) နာရီအချိန်က ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။

မလှိုင်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို   ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။

မင်းဘူး(စကု)မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ စတင်မဲပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် အသက် ၆၀ နှင့်အထက် မဲပေးမည့်သူများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယမန်နေ့နံနက်ပိုင်း အချိန်မှစတင်ကာ ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ် မိုးကောင်းမြို့နယ်၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များက သက်ဆိုင်ရာရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲများကို အောက်တိုဘာ(၂၉)ရက်မှနိုဝင်ဘာလ(၅)ရက်ထိ နံနက်(၈)နာရီမှည(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Subscribe to