တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၃၆.၀၅) ရာခိုင်နှုန်းရှိ
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ဝက်ဘ်ဆိုက်များမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ တိုက်ကြီးမြို့နယ်တွင် ယမန်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။