ထော်ရွဲကမ်းနားကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ​အင်းနို့သိပ္ပံ ကျေးရွာ အုပ်စု ​​ထော်ရွဲကမ်းနား ကျေးရွာရှိ ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်းကို ယမန်နေ့က စတင်အ​ကောင်အထည်​ဖော်​ ဆောင်ရွက် နေပြီဖြစ်​ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းချိန်တွယ်ခြင်းသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၊ အမှတ်(၁၁)ရပ်ကွက် အနီးရှိ တောင်သူ ဦးစိုင်းအိုက်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းမှ စပါးစံကွက်ရိတ်သိမ်းချိန်တွယ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခန့်အချိန်က နမ့်ခမ်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်နိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးမှ အဖွဲ့ဝင်များနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများက လာရောက်ကြည့်ရှုအားပေးသည်။

မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့ TUTU.FINANCE ( WOORI CARD INTERNATIONAL MYANMAR – WCI) အဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များနှင့် အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကြီးကြပ်ရေးအဖွဲ့များနှင့် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများ၌ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့် အညီ စီစဉ်ဆောင်ရွက် လျက်ရှိရာ သတ်မှတ်ရက်များတွင် ကြိုတင်မဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက်(၆၀)နှစ် နှင့် အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးမဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ က စတင်၍ သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ စည်းရုံးရေးကာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး ကြိုတင် ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်ဇနီး ဒေါ်သန်းသန်းအေးတို့က လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် အသက် ၆၀ နှစ်နှင့် အထက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲများ စတင်​ပေး

ရန်ကုန်တိုင်းအ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီ  က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးလျာထားဧကများ အောင်ရေရသည်အထိ ရေပေးဝေရန် စီစဉ်ထား

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင်ပါဝင်သော ကင်းတပ် လက်ယာတူးမြောင်း ကာဘိုး ရေလွှဲဆည် ရေဦးတူးမြောင်း ရွှေဘိုတူးမြောင်း ဧရိယာများတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မိုးစပါးလျာထားဧက လေးသိန်း နှစ်သောင်းလျာထားခဲ့ပြီး ဆည်ရေဖြင့် လေးသိန်းလေးသောင်းကျော် စိုက်ပျိုးနိုင်ခဲ့ရာ အောင်ရေရသည်အထိ ဆည်ရေ ပေးဝေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိုးဘိုအရှေ့ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို အိုးဘိုအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအေး မိသားစုက ယမန်နေ့ ညနေက အိမ်တိုင်ရာရောက် လိုက်လံပေး အပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
Subscribe to