မလှိုင် အောက်တိုဘာ ၃ဝ
၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက်ပိုင်းက မလှိုင်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။
အစည်းဝေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က မဲရုံများနှင့်ပတ်သက်၍ လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ သည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင် က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင် ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည် ။
မလှိုင်မြို့နယ်၌ တိုင်းဒေသကြီးမဲဆန္ဒနယ်မြေ(၁)တွင် မဲရုံ (၁ဝ၄) ရုံ ၊ တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ(၂ )တွင် မဲရုံ မဲရုံ(၁ဝ၆ )ရုံ ၊ စုစုပေါင်း မဲရုံပေါင်း(၂၁ဝ) ရှိပြီး အဆိုပါ မဲရုံများအတွက် အထူးရဲ (၂၁ဝ)ကို လည်း ခန့်ထားပြီး မဲရုံလုံခြုံရေးအတွက် တာဝန်များပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)