ပွင့်ဖြူမြို့နယ်၌ အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ရပ်ကွက်များတွင် အသက် ၆၀နှစ်အထက် မဲဆန္ဒရှင်များ စတင်၍ မဲပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသက် ၆၀ နှစ်အထက် မိဘပြည်သူများအား ယနေ့ နံနက် ၈ နာရီမှစ၍ ညနေ ၆ နာရီ အထိကြိုတင် ဆန္ဒမဲပေးနိုင်ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက် ၆၀နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံး တာဝန်ကျ ဝန်ထမ်းများမှ ကြိုတင်မဲထည့်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှင့် အထက် အသက်ကြီးရွယ်အိုများနှင့်မဲရုံတာဝန်ကျ ဝန်ထမ်းများမှ ကြိုတင်မဲထည့်ခြင်းကို ယနေ့ နံနက် ၆ နာရီ အချိန်က ရပ်ကွက် ၄ခုရှိ မဲရုံအသီးသီး၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ စတင်ပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ မဲစတင်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်‌။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ ကြိုတင်မဲ စတင်ပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်မဲများများကို ယနေ့ နံနက် ၉ နာရီ စတင် လက်ခံလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကြိုတင်ဆန္ဒမဲထည့်သွင်းခြင်းများ စတင် ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၆၃၀၈)ဦးခန့်အား ကြိုတင်ဆန္ဒမဲ ထည့်သွင်းခြင်းကို ယနေ့ နံနက်(၉)နာရီမှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အတွင်းတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခြင်း စတင်ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အတွင်းတွင် ယနေ့ နံနက်ပိုင်းကစ၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများ စတင်ပေး နေပြီဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယ​နေ့ နံနက် ၁၀:၃၀ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး (၅၁/၂၀၂၀)အား ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  ကြိုတင်ဆန္ဒမဲများ စတင်ပေး

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်  ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများစတင်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်‌ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နံနက်ပိုင်းတွင် ပေါင်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို မဲဆန္ဒရှင်များမှ ကြိုတင် မဲစတင်ပေး လျက်ရှိကြောင်း သိရသည်။
Subscribe to