မိုးကောင်းမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

မိုးကောင်း အောက်တိုဘာ    ၃၀

၂၀၂၀ပြည့်နှစ် မိုးကောင်းမြို့နယ်၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များက သက်ဆိုင်ရာရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲများကို အောက်တိုဘာ(၂၉)ရက်မှနိုဝင်ဘာလ(၅)ရက်ထိ နံနက်(၈) နာရီမှည(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မိုကောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၀)အုပ်စုတွင် မဲရုံ(၇၀)ထားရှိမည်ဖြစ်ပြီး  အသက်(၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေးနိုင်သူ(၁၃၀၀၀)ကျော်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ကျန်းမာရေးမကောင်း၍ သွားရောက်မဲ မပေးနိုင်သော အသက်(၆၀)ကျော် ပြည်သူများအား သင့်သော်သည့်နေ့ရက်ကိုစီစဉ်ပြီး အိမ်တိုင်ယာရောက် မဲယူပေးမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

“၂၀၁၅ မှာမဲပေးတဲ့စနစ်နဲ့ အခု၂၀၂၀မှာ မဲပေးတဲ့စနစ်က တော်တော်လေးကွာခြားပါတယ်။ တော်တော်လေးကောင်း တဲ့ စနစ်ကို မြင်ရပါတယ်။ အသက်(၆၀)ကျော်သွားတဲ့လူတွေ၊ ကျန်းမာရေး နည်းနည်းကျဉ်းကျဉ်းမကောင်းတဲ့သူတွေ ကြိုတင်မဲပေးရတဲ့ အတွက် ပိုပြီးတော့ပေါ့ပေါ့ပါးပါး ဖြစ်ရပါတယ်။” ဟု မဲဆန္ဒရှင်တစ်ဦးက၎င်း၏ သဘောထားကို ပြောကြားသည်။

“(၆၀)ကျော်အရွယ်တွေကို ကြိုတင်မဲထည့်ဖို့ စီစဉ်တဲ့အနေအထားကို ကျတော်တို့အားရ ကျေနပ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာမသွား၊ မလာနိုင်တဲ့သက်ကြီးရွယ်အိုတွေရှိတယ် ဆိုတော့ သက်ကြီးရွယ်အိုတွေကို အိမ်တိုင်ရာရောက်ကြိုတင် မဲထည့်ခွင့်ပြုတဲ့ အပေါ်မှာ ကျေနပ်မိပါတယ်။” ဟု နောက်ထပ် မဲဆန္ဒရှင်တစ်ဦးက ထပ်မံပြောကြားခဲ့သည်။

သန်းလွင်ဦး(ပြန်/ဆက်)