ဥတ္တရသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတွင် CERP အစီအစဉ်အရ ငါးမွေး တောင်သူများထံ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် CERP ၏ ACTION PLAN အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လေးထောင့်ကန်ငါးလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာအနီး နတ်မြောင်းချောင်း တာရိုးကျိုးပေါက်မှုကြောင့် ပျက်စီး လယ်ဧကများ အပေါ်မှုတည်၍ ထောက်ပံ့နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာအနီး နတ်မြောင်းချောင်းသည် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် တာရိုးကျိုးပေါက်ပြီး လယ်ဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြင်းမူမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရပ်ကွက်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် အခြေခံမဲစာရင်းများကို ဩဂုတ်လ (၂၅) ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ အုပ်ချုပ်ရေးရုံးများတွင်

မိုင်းဖြတ်၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာ ရင်းများကို ယနေ့နံနက် ၉နာရီ က အထက(မိုင်းဖြတ်)၌ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်‌‌ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျေးရွာမတည် ရန်ပုံ‌ငွေစီမံကိန်း (VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ် ပြုလုပ်ခဲ့‌သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ပေါက်ပင်ဆိပ်ကျေးရွာတွင် ကျေးရွာလမ်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ အလေးထား ဆောင်ရွက်လျက်ရှိရာ အရာတော်မြို့နယ်၊ ပေါက်ပင်ဆိပ်ကျေးရွာတွင် ကျေးရွာလမ်းကို မြေသားလမ်းမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် မြို့နယ် ဒေသဖွံဖြိုးရေး ယာဉ်နှင့် ယာဉ်ရန္တယား ပိုလျှံ ရန်ပုံငွေကျပ် သိန်း(၃၀)ပြည်သူထည့်ဝင် လှူဒါန်းငွေကျပ်သိန်း (၇၀)ကျော်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဟားခါး၌ ကိုဗစ် - ၁၉ Economic Relief Plan အရ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ

ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ငါးမွေးတောင်သူများ၏ စီးပွားရေး ထိခိုက်မှုကို သက်သာစေရေး ရည်ရွယ်လျက် ကိုဗစ် - ၁၉ Economic Relief Plan ဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ် တက်ရောက်၍ ငါးမွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉-၂၀၂၀  ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ​အောင်မြင်သူများတွင် ​ကျောက်တံတားမြို့နယ်မှ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး (၁၂)ဦးတွင်ပါရှိ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ်တွင် ၂၀၁၉-၂၀၂၀  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ဘာသာ စုံဂုဏ်ထူးဖြင့်​အောင်မြင်သူ(၃)ဦးမှ ​မောင်​ကောင်းဆက်လင်းသည် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ(၁၂)ဦးစာရင်းတွင်ပါဝင်ခဲ့​ကြောင်းသိရသည်။
Subscribe to