ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး

အလုံ   ​အောက်တိုဘာ ၃၀

 ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယမန်​နေ့ နံနက်(၈)နာရီမှညနေ(၆)နာရီထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

အသက်(၆၀)နှစ်နှင့် အထက်မဲ‌ဆန္ဒရှင်ပြည်သူများအနေဖြင့် အောက်တိုဘာ (၂၉) ရက်မှ နိုဝင်ဘာ (၅ )ရက် နေ့ထိ ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ သို့ကိုယ်တိုင် သွားရောက်၍ ကြိုတင်မဲများပေးနိုင်သည့်အပြင်၊ နေအိမ်မှ ကြိုတင်မဲပေးနိုင်ရန်အတွက် အိမ်တိုင်ရာရောက်ကားဖြင့် လှည်လည်ကာ ကြိုတင်ဆန္ဒမဲများ​ပေးနိုင်​ရေးအတွက် တာဝန်ရှိသူများက​စီစဉ် ဆောင်ရွက်​ပေးလျက်ရှိသည်။

အလုံမြို့နယ်တွင် ရပ်ကွက် (၁၁)ရပ်ကွက်ရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၇၀၀၀) ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။

တင်တင်ချို (အလုံ)