ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာ ၃ ဦး ဆေးရုံမှ ဆင်းခွင့်ရ

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူ  ဘုရားငါးဆူကျေးရွာမှ လူနာ အမျိုးသမီး ၁ ဦး သဖန်းပင်ဆိပ်ကျေးရွာမှ လူနာအမျိုးသမီး၁ဦး နှင့် မီးရထားဝန်းမှ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး တို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်၁၁နာရီခွဲ အချိန်ခန့်က ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်းသိရသည် ။

ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ယမန်နေ့ နံနက်၈ နာရီအချိန်မှစ၍ ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်ဌာနဆိုင်ရာ မဲဆန္ဒရှင်များမှ ကြိုတင်  မဲစတင်ပေး လျက်ရှိကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် အသက်(၆၀)နှစ် အထက်ရှိသည့် မဲဆန္ဒရှင်များက ကြိုတင်မဲ စတင်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့အတွင်းရှိ အသက်(၆၀)နှစ် အထက်ရှိသည့် မဲဆန္ဒရှင်များက ကြိုတင်မဲ ပေးအပ်နေပြီဖြစ်ရာ ယနေ့ နံနက် ၉ နာရီတွင် ကြိုတင်မဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အတွင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ စတင်ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင်၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက်(၆၀)နှစ် အထက်သက်ရွယ်ကြီးသူ မဲဆန္ဒရှင်များနှင့် မဲဆန္ဒနယ်ပြင်ပ သို့ရောက်ရှိမည့် မဲဆန္ဒရှင် (နိုင်ငံဝန်ထမ်း)များအတွက် ကြိုတင်မဲထည့်သွင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ မဲရုံလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀- အထွေထွေရွေးကောက်ပွဲကြီး၌ မဲရုံတာဝန်ထမ်း ဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအဖွဲ့(၁)ကို၊ ယနေ့ နံနက်(၉)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေ ခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၈)ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ မြို့နယ်ပြည်သူ့ဆေးရုံတွင် (၇)ဦးနှင့် ဇရပ်ကြီးတိုက်နယ်ဆေးရုံတွင် (၁)ဦး စုစုပေါင်း (၈)ဦးတို့သည် ရောဂါသက်သာပျောက်ကင်းပြီးဖြစ်သဖြင့် ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင်  ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆ဝ)နှစ်နှင့် အထက်ဘိုးဘွားများ စတင် ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆ဝ)နှစ်နှင့်အထက်ဘိုးဘွားများ   ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ရက်နေ့မှ စတင်၍  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက် ၆၀နှစ်နှင့်အထက်ရှိ ဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း၌ ယမန်နေ့ နံနက် ၈နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲရုံများတွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားနှင့် နိုင်ငံ့ဝန်ထမ်းမဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၆၀)နှင့် အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ မဲစတင်ပေး

၂၀၂၀ပြည့်နှစ်၊ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်     အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ အနေဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ရုံးခွဲများ၌ ကြိုတင်မဲများ ပေးနေပြီးဖြစ်ကြောင်း သိရသည်။

မဘိမ်းမြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုး မိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to