ပုံပါကျင်မြို့တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲများ စတင်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံများတွင် တာဝန် ထမ်းဆောင်ရမည့် မဲရုံအဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင် မိုးသီးနှံရေပေးဝေမှုနှင့် ရေပေးမြောင်းများစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျောက်ကူးမြစ်ရေတင်ဖြင့် မိုးသီးနှံရေ ပေးဝေမှုနှင့်ရေပေးမြောင်းများ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉နာရီ ခွဲအချိန်က ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး မှဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ခိုင်လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှစ်အထက်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှစ်အထက် မဲဆန္ဒရှင်ပြည်သူများမှ ကြိုတင်န္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်၈နာရီအချိန်ခန့်ကစပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်  စတင်ပေးခဲ့ကြသည်။

တကောင်းမြို့ ရပ်ကွက်/​​ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေး ခွင့်ရှိသူများ လာရောက်မဲပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကြီးအတွက် ​ကြိုတင်မဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)အထက် အဘိုးအဘွားများသည် တကောင်းမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ ရပ်ကွက်/​​ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကြိုတင်မဲများလာ ရောက်ပေးလျှက်ရှိပြီးကြိုတင်ဆန္ဒမဲပေးရာ တွင် မဲပေးခွင့်ရသူများသည် အောက်တိုဘာ (၂၉)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့ အထိ နံနက် ၉ နာရီမှညနေ ၄နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/  ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများလာရောက်မဲပေးနိုင်ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ ကြိုတင် ဆန္ဒမဲပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့နံနက် ၉နာရီတွင် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားမဲဆန္ဒရှင်များက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု(၂)စုအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေနှင့် Family Kits များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညနေက အိမ် (၂)လုံး မီလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၃၀၀,၀၀၀/- ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂၅,၂၀၀/- ၊ Family Kits (၂)ပုံးနှင့် mask(၂၄)ခု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကြိုတင် ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်း

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လာမည့်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအတွက် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကြီး ကြပ်ရေးတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို ယနေ့ နံနက်(၉)နာရီခွဲခန့်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ပြုလုပ်ခဲ့သည်။

မိုင်းတုံမြို့၌ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ ကြိုတင် ဆန္ဒမဲပေးနေမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသူများ ကြိုတင် ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များ၌ ယနေ့နံနက်ပိုင်း မှစ၍ ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်၊ ရပ်ကွက်များအလိုက် ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲဆန္ဒပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကြိုတင် ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းများကို ယမန်နေ့နံနက် ၈နာရီမှစတင်၍ ရပ်ကွက်များရှိ လမ်းများနှင့်နေအိမ်များတွင် ရွှေ့လျားစနစ်ဖြင့် ဆန္ဒမဲပေးခြင်းများကို  ကြိုတင်မဲဆန္ဒ မဲကောက်ယူရေး အဖွဲ့များက လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to