ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကော့သောင်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း Volunteer များ ရန်ကုန်မြို့သို့ ထွက်ခွာ

ကော့သောင်း    အောက်တိုဘာ     ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကော့သောင်း မြို့နယ်မှ ကျန်းမာရေးဝန်ထမ်း Volunteer များ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါထိန်းချုပ်ကာကွယ် ကုသရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ဖြစ်ပေါ်နေမှုအား အားဖြည့်ကူညီနိုင်ရေး ကော့သောင်းခရိုင်၊ ကော့သောင်း မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်း Volunteer ၁၂ ဦး နှင့် ဘုတ်ပြင်းမြို့နယ်မှခြောက်ဦး စုစုပေါင်း ၁၈ ဦး ဖြစ်ကြောင်း သိရသည်။

အားဖြည့်ကူညီမှုအတွက် ထွက်ခွာကြမည့် Volunteer များအား ကော့သောင်းခရိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ကျေးဇူးတင်ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားပြီး မြို့နေ စေတနာရှင်များက လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက် ပေးခဲ့ကြကာ မွန်းလွဲပိုင်းတွင် သီးသန့်မော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့မှ စတင်ထွက်ခွာ သွားခဲ့ကြ ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)