မတူပီ အောက်တိုဘာ ၃၀
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မတူပီ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးလျက်ရှိသည်။
မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ ခြင်းတောင်း၊ လုံခြုံရေးကြိုး၊ ဆန္ဒပြုတံဆိပ်တုံး၊ ၊ မဲလက်မှတ်များနှင့် မဲရုံတွင် အသုံးပြုရမည့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဘုံတလာခန်းမတွင် မြို့နယ်ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မတူပီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၇၂)အုပ်စုကို ထုတ်ပေးပြီး ပလက်ဝမြို့နယ်အတွင်းရှိ ဆမီး မြို့နှင့် ရှင်းလက်ဝ ကျေးရွာ ကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စနစ်တကျ ထုတ်ပေးခဲ့ကြရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများမှ ထုတ်ယူခဲ့ကြသည်။
“ရပ်ကွက်/ကျေးရွာကော်မရှင်တွေရော မဲရုံမှူးဦးဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးတွေရော သင်တန်းပေးပြီးပြီ၊ ရွေးကောက်ပွဲ ကျင်းပ တဲ့အချိန်မှာ ဉပဒေ၊ နည်းပဒေနဲ့အညီ ဆောင်ရွက်ရမယ်၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ လိုက်နာရမယ်၊ ညွှန်ကြားချက် တွေနှင့်အတူ မဲပေးဖို့ အဓိကဆောင်ရွက်ရမယ်၊ ကိုဗစ်ရောဂါက ပြန့်ပွားနေတဲ့ အချိန်ဖြစ်တဲ့အတွက် စိစစ်ပြီး မဲပေးတဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဉက္ကဋ္ဌ ဦးလျန်ထန်းက ပြောသည်။
မတူပီမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၇၂)ခုရှိပြီး မဲရုံစုစုပေါင်း(၁၅၀)ရုံနှင့် ဆမီးမြို့တွင် မဲရုံ (၇)ရုံ၊ ရှင်းလက်ဝတွင် မဲရုံ(၂)ရုံ ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)