မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အကွက် (၆၂၁)၊ ၂၉ လမ်း၊ ၇၈ လမ်းနှင့် ၈၀ လမ်းကြား ဟေမာဇလရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့ နံနက် ၂ နာရီ ၃၇ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ လဟယ်မြို့တွင် အသက်(၆၀)နှစ်နှင့်အထက်ရှိသူ ဘိုးဘွားများ  ကြိုတင်မဲစတင်ပေး

စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ  မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်တွင် အသက်(၆၀)နှစ် အထက်ရှိသူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲကို ယမန်နေ့နံနက်ပိုင်းမှစ၍  စတင်ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ မဲစတင်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများကို  ယမန်နေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ    ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ တွင် ကြိုတင်မဲများပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲများ စတင်​ပေးခြင်း​​ ဆောင်ရွက်

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ပြည်သူများသည် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ စတင်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉  က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ  စတင်မဲပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များ၌ ယနေ့နံနက်ပိုင်းမှစ၍ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၌ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲ ပေးနေမှုနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် လုံခြုံရေးဆောင်ရွက်ထား ရှိမှု အခြေအနေများကို ယနေ့နံနက် ၁၁ နာရီက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကြိုတင်မဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)နှစ်နှင့်အထက် အဘိုးအဘွားများ စတင်မဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် အထွေထွေရွေးကာက်ပွဲကြီးအတွက် ကြိုတင်မဲပေးခွင့်ရှိသူများ၊ အသက် (၆၀)နှင့်အထက် အဘိုးအဘွားများ ယနေ့နံနက်ပိုင်းမှစ၍ ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ ကြိုတင် ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ယနေ့နံနက် ၉နာ ရီမှစ၍ အောင်သပြေရပ်ကွက်ရှိ မဲရုံအမှတ်၉နှင့် မဲရုံအမှတ် ၁၀တို့ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အသက်၆၀နှစ်နှင့် အထက်အသက်အရွယ်ကြီးရင့်သူ ၆၀၀ကျော်ကြိုတင် ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကြိုတင် ဆန္ဒမဲပေးခဲ့ကြောင်းသိရသည်။

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to