ဒလမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ စတင်ပေး
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ယနေ့ နံနက် ၉ နာရီက စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများ လိုက်ပါ၍ အသက်(၆၀)နှစ်နှင့် အထက်ရှိသော နေအိမ်များသို့ အိမ်တိုင်ရာရောက်စနစ် ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။