မအူပင်မြို့နယ်၌ ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်

မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဝါးတောကျေးရွာအုပ်စု ထနီဒေါင့်ကျေးရွာတွင် ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲနှင့် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆောက်အဦသစ်ရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဂျပန်ပညာတော်သင် ကျောင်းသားဟောင်းများအသင်း (Myanmar Rotary Yoneyoma Alumni Association)မှ ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်နှင့် ပြတိုက်အတွက် အလှူငွေများ လာရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် ဦးသန့် စာကြည့်တိုက်နှင့် ပြတိုက်တွင် ဂျပန်ပညာတော်သင် ကျောင်းသားဟောင်းများအသင်း (Myanmar Rotary Yoneyoma Alumni Association)မှ ယမန်နေ့ မွန်းလွဲ ၁၂နာရီတွင် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ၃၁.၃၅ ရာခိုင်နှုန်း အောင်မြင်

၂၀၂၀ ပြည့်နှစ် မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ နိုင်ငံ တစ်နိုင်ငံလုံးတွင်

စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ (၆)ဦးအနက်(၂)ဦး အောင်မြင်ပြီး (၁)ဦးမှာ (၂)ဘာသာဂုဏ်ထူးပါရှိ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မတ်လ၌ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းများကို နိုင်ငံတစ်ဝန်း ယမန်နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့်ထုတ်ပြန်ပေးခဲ့ရာ လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်း မျက်မမြင်ကျောင်းမှ မသန်စွမ်းသူ (၆)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၂)ဦးအောင်မြင်ပြီး(၁)ဦးမှာ ဂုဏ်ထူး(၂)ဘာသာပါရှိခဲ့သည်ကို သိရသည်။

ကမာရွတ်မြို့နယ်၌ သန့်ရှင်းရေးဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များ လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေး အတွက်

ဟားခါး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ စနစ်တကျ စီမံထားရှိနိုင်ရေး ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ စနစ်တကျစီမံထားရှိနိုင်ရေး ဟားခါးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲ  ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်လောင်းများ စိစစ်ရေး ဆွေးနွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိုယ်စား လှယ်လောင်းများစိစစ်ရေး  ညှိနှိုင်းဆွေးနွေးပွဲကို   ယနေ့နံနက်(၁၀)နာရီ  တွင် သန်လျင်မြို့ရှိ ခရိုင်ကော်မရှင် အဖွဲ့ခွဲရုံး   အစည်းအဝေးခန်းမ၌ကျင်းပသည်၊၊ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းကိုယမန်နေ့နံနက်ပိုင်းက နိုင်ငံတစ်ဝန်းအွန်လိုင်းစနစ်ဖြင့်ထုတ်ပြန်ကြေညာခဲ့ရာ နန်းယွန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ တက္က သိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား ခရိုင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအခြေအနေများကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Subscribe to