မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ကွင်းဆင်းစစ်ဆေး
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသ ကြီးအစိုးရရန်ပုံငွေဖြင့် ရပ်ကွက်(၂၀)တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် လမ်းခင်းခြင်း၊ ရေမြောင်းနှင့် မြောင်းအဖုံးများဆောင်ရွက်ခြင်းနှင့် နောက်ဖေးလမ်းကြားပန်းဥယျာဉ်များ အကောင် အထည်ဖော်ခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။