ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ကြိုတင်မဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများအား  ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် မြစ်ရေဝင်ရောက်၍ တောင်သူစိုက်ခင်းများ ဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ယခုအောက်တိုဘာလအတွင်း ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်မြင့်တက်ခဲ့ခြင်းကြောင့် မြို့နယ်အတွင်း စပါး၊ ပဲနှင့် နှမ်း စိုက်ခင်းများ ရေဝင်နစ်မြုပ်ခဲ့ကာ တောင်သူစိုက်ခင်းများ ဆုံးရှုံးနစ်နာခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က နောင်ချို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိကာ နောင်ချိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်(၂)ဦး ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် သွားရောက်ကူညီမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီနိုင်ရန်အတွက် သွားရောက်ကူညီမည့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၂)ဦးအား ချီးကျူးဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၄၄ ဦး ကိုကြိုဆို၍ ထမင်းဘူးနှင့် သောက်ရေသန့်ဘူးများ ပေးအပ်လှူဒါန်း

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြပြီးအကြောင်း အမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာမှ အိမ်ထောင်စုများအတွက်  အခြေခံစားသောက်ကုန် (၆)မျိုး လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာက အိမ်ထောင်စု များအတွက် ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေး အခက်အခဲမရှိစေရန်အတွက် အများပြည်သူ စုပေါင်းလှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန် (၆)မျိုး လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ၌ သွားရောက်လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီး အဘိုးအဘွားများ နှင့် နိုင်ငံဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာ(၅)ရက်နေ့ ထိနေ့စဉ် နံနက်(၆) နာရီမှညနေ(၄)နာရီထိ ကြိုတင် ဆန္ဒမဲများ လာရောက်ပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကုသရေးဌာနများတွင် တာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်း(၂၅)ဦး ထွက်ခွာ

မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးတက္ကသိုလ်(မကွေး)မှ လက်ထောက် ကထိကဒေါက်တာ ထက်ထက်အောင်(ဆေးပညာ)ဦးဆောင်ကာ လက်ထောက် ဆရာဝန်(၄)ဦးနှင့်အတူ အထက်တန်းသူနာပြုနှင့်သူနာပြု(၂၀)ဦး ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်ရန် ယမန်နေ့ ည ၁၁ နာရီအချိန်က မကွေးမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ နိုင်ငံရေးပါတီများနှင့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်သည်။

မတ္တရာမြို့နယ်၌ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစားအစာ ဘေးကင်းလုံခြုံရေး စီမံကိန်း( Food Safety Project)မှ  သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက ရေနံ့သာ စိုက်ပျိုးနည်းပညာပေး စင်တာတွင် ဖွင့်လှစ်ပို့ချပေးခဲ့သည်။
Subscribe to