ကျောင်းကုန်း အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများအား သီတင်းကျွတ်အခါသမယ ကိုဗစ်-၁၉ ကာလ ဒါနအလှူအဖြစ် ငွေကျပ်(၁)သောင်းစီ လှူဒါန်းမှုကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက် မြို့မဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်ရှိ(၉၁)ဦး ၊ အမှတ်(၂)ရပ်ကွက်ရှိ (၁၁၀)ဦး၊ အမှတ်(၃) ရပ်ကွက်ရှိ(၇၄)ဦးနှင့် သစ်ဆိမ့်ကုန်းရပ်ကွက်ရှိ (၈၅)ဦး၊ စုစုပေါင်း (၃၆၀)ဦးအား ငွေကျပ်(၁)သောင်းစီကို ရန်ကုန်မြို့နေ ကျောင်းကုန်း မြို့နယ်အသင်း အတွင်းရေးမှူး ဦးကြည်လွင် + ဒေါ်သီသီဆန်း (Tun Myat Thu Co,Ltd) မိသားစုမှ သီတင်းကျွတ်အခါသမယ ကိုဗစ်ကာလ လှူဒါန်းခြင်းအား အလှူရှင်ကိုယ်စား ဦးစိန်ဝင်းနှင့် ကိုအောင်စိုး တို့မှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)