ဒလမြို့နယ်၌ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးနေမှု ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ်နှင့် အထက်ရှိသော နေအိမ်များသို့ အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက လိုက်လံ၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။