သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့

သာသနာတော်နှစ် ၂၅၆၄ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခု ၃၀.၁၀.၂၀၂၀ စနေနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါသည်။ ဒီနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါသည်

မအူပင်ခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဓနုဖြူမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ လာ‌ရောက်ပေးမှုအား ကွင်းဆင်းကြည်ရှု စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှု အခြေအ‌နေကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး စံပြစိုက်ကွက် ဧက (၃၀၀၀)ကျော် စိုက်ပျိုးပြသသွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စံပြစိုက်ကွက်များအဖြစ် ခရိုင် (၁၁) ခုနှင့် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် (၃၀၇၅)ဧကကို စိုက်ပျိုးပြသနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦး၏ ပြောကြားချက်အရ သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ ရောဂါကြိုတင် ကာကွယ် ရေးသုံးပစ္စည်းများနှင့် အလှူငွေများ သွားရောက်လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လမ်းဦးစီးဌာန ဝန်ထမ်းမိသားစုတို့က ရောဂါကြိုတင် ကာကွယ်သုံးပစ္စည်းများနှင့် အလှူငွေကျပ်ငါးသိန်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ လာရောက် လှူဒါန်းပေးခဲ့ကြပြီး ယနေ့ နံနက်ပိုင်းက လှူဒါန်းထားရှိသည့် ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများနှင့်အလှူငွေများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာလေးခုနှင့် တက်သစ်တိုက်နယ် ဆေးရုံသို့မြို့နယ် တာဝန်ရှိသူများက ပြန်လည်၍ သွားရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ ကြိုတင် ဆန္ဒမဲပေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၈)ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၈နာရီကစတင်၍ အဆိုပါ ဘိုးဘွားရိပ်သာအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့ အမှတ်(၆) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အမှတ်(၆)ရပ်ကွက်၊ မြို့သစ်(၄)လမ်းတွင် ယနေ့နံနက် (၁၀)နာရီခွဲ အချိန်ခန့်က မီးပလပ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းပြီး နေအိမ်တစ်လုံးမှာ တစ်ဝက်ခန့် ပျက်စီးခဲ့ကြောင်း သိရ သည်။

အရာ​တော်မြို့နယ်တွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ​ပေး​နေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာ​တော်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ အသက် (၆၀) နှစ်နှင့် အထက်ရှိသော မဲဆန္ဒရှင်ပြည်သူများ အဆင်​ပြေစွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ​ဆောင်ရွက်ထားရှိမှုများနှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများလာ​ရောက်​ပေးနေမှု အခြေအနေ များကိုမြို့နယ်​ရွေး​ကောက်ပွဲဆိုင်ရာ လုံခြုံ​ရေးစီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ရဲမှူးရဲလွင် နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး သန်လျင်မြို့ အောင်နီလာလမ်း ဖောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီခွဲက သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အောင်နီလာလမ်း ဖောက်လုပ်မည့် မြေပြင်အနေအထား အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့တွင်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း (ကြူကုတ်)မြို့ မြို့ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူများနှင့် အဖွဲ့ဝင်များကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ) စာသင်ကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပဲခူးတိုင်းတာဝန်ခံ ပဲခူးမြို့နယ် ပုဏ္ဏားရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲအတွက် ဆောင်ရွက်ထားရှိအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပဲခူးတိုင်း‌ဒေသကြီးတာဝန်ခံ ဦးထွန်းခင်သည် အောက်တိုဘာ ၃၁ ရက်နံနက် ၁၀နာရီခွဲက တိုင်း၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး ကြိုတင်မဲအတွက် ဆောင်ရွက်ထားရှိအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to