ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်မည့် ကျေးရွာ (၁၆) ရွာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ ဦးဆောင်၍ ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်မည့် ကျေးရွာ(၁၆)ရွာအား၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်၍ မိမိတို့သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းထုတ်ချေး ပေးလျက်ရှိရာ၊ ယမန်နေ့ နံနက်ပိုင်းက စည်ပင်ကျေးရွာနှင့် မွန်းလွဲပိုင်းတွင် ကြက်ပြစ်ကျေးရွာတို့၌ ထုတ်ချေးပေး ခဲ့ကြောင်းသိရသည်။