မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီကမြို့နယ်အတွင်း ရပ်ကွက်များ၌ သန့်ရှင်းရေးလှုပ်ရှားမှုများ၊ အမှိုက်သိမ်း စနစ်များနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို တစ်နှစ်ပတ်လုံး လုပ်ဆောင်သွား မည့် စီမံချက်၏အရ (၁)ရပ်ကွက်၊ ဓမ္မာရုံတွင် ယမန့်နေ့ နေ့လယ် ၁ နာရီက လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။