လိပ်သိုမြို့တွင်  HPV  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တွင် အသက် ၉ နှစ် မှ ၁၀ နှစ် မကျော်သေးသော အမျိုးသမီးငယ်များအား  HPV  သားအိမ်ခေါင်းကင်ဆာ  ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က တိုက်နယ်ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့၌ သီလရှင်(၃၀၁)ပါးအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာ အခါတော်)နေ့၌ သီလရှင်(၃၀၁)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီက ဇဝနဒီပရပ်ကွက် ဓမ္မပါလဓမ္မာရုံ၌ ကျင်းပသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်များသို့ ခရီးဆောင် OXYGEN များလာ ရောက် လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်နေသည့် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများအရေးပေါ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်များအတွက် ခရီးဆောင် OXYGEN ဗူးများအား မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။

အလုံမြို့နယ် အသွားအလာ ကန့်သတ်​စောင့်ကြည့်စင်တာ (Quarantine Centre)များသို့ ​နေ့လယ်စာ ထမင်းဘူးနှင့် အလှူ​ငွေများ လာ​ရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြုရန်နှင့်  အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က နေ့လယ်စာ ထမင်းဘူး (၁၅၀)ဘူး နှင့် အလှူ​ငွေများ  လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၌ ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ အနေဖြင့်ကြိုတင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် လက်တွေ့ သရုပ်ပြသ

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွင်း မျိုးကွဲပယ်ခြင်း ဒုတိယအကြိမ် လက်တွေ့ပြသခြင်းကို ပဲကတိုး ကျေးရွာ တောင်သူ ဦးဇော်မင်း၏ ဆင်းသုခမျိုးစေ့ထုတ် စိုက်ကွင်းတွင် ယမန်နေ့ ညနေပိုင်းက တောင်သူများအား လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်း ဆောင်မည့်သူများ ကြိုတင်မဲစတင်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင်  ကြိုတင်မဲများ စတင်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် အသက်၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင်  ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ်သို့ပြည်ပရောက် မဲဆန္ဒရှင်များကဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲ စာအိတ်များ ရေတွက်ခြင်း ၊ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များကို ချိတ်ပိတ်ထားသော မဲပုံးအတွင်းထည့်ခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မဲဆန္ဒနယ်ပြည်ပရောက်ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များ ရေတွက်ခြင်း ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များကို ချိတ်ပိတ်ထားသော မဲပုံးအတွင်း ရေတွက်ပြီး ထည့်ခြင်းများကို ယမန်နေ့ နံနက် ၁ဝနာရီ အချိန်က မြို့နယ်အထွေထွေ‌အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ‌ပေးခြင်းနှင့် ပတ်သက်၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

မလှိုင်မြို့နယ်၌ အသက်(၆၀)နှစ် အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲလာရောက်ပေး

၂ဝ၂ဝပြည့်နှစ် ၊နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မလှိုင်မြို့ နယ်မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်အသီးသီး အတွက် အသက် (၆၀) နှစ် အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေခြင်းကို အောက်တိုဘာ (၂၉) ရက်နေ့မှ နိုဝင်ဘာ (၅ )ရက်နေ့အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၄)နာရီအထိ ကြိုတင်မဲများလက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရေငံကျေးရွာအုပ်စု ၊ ရွှေပေါ်ကျွန်းကျေးရွာ ကော်မရှင်ရုံးတွင် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲများ လာရောက် ပေးခဲ့ကြောင်း သိရသည် ။
Subscribe to