ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင်  ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်း၍ မဲရုံသို့မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများဆန္ဒပြုနိုင်ရေး ကြိုတင်ဆန္ဒမဲများ အိမ်အရောက် လိုက်လံကောက်ယူခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ၌ ဖြစ်ပွား ခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီကကျောက်တောင်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာအဖြစ် ဆောင်ရွက်လျက်ရှိသော ရွာသာကျေးရွာရှိ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွာသာကျေးရွာ‌တွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ယနေ့နံနက် ၁၀နာရီက အဆိုပါ ကျေးရွာရှိ စာသင်ကျောင်းခန်းမတွင် တွေ့ဆုံခဲ့သည်။

ချောင်းဦးမြို့နယ် မိုင်တဲကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်း မပျောက်မတည် လည်ပတ် ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ချောင်းဦး မြို့နယ် မိုင်တဲကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်(၅၀၂.၁)သိန်းကို ယနေ့ နံနက်(၉)နာရီ အချိန် က မိုင်တဲကျေးရွာ စာကြည့်တိုက်အတွင်းတွင် ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ် ချေး ပေးခဲ့ကြောင်းသိရသည်။

ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ    အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက်     မြို့နယ်ရွေးကောက်ပွဲ    ကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

လမိုင်းမြို့ မြို့မ(၂)ရပ်ကွက်၊ အမှတ်(၁)မဲရုံနှင့် အမှတ်(၂)မဲရုံတွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၃၂၇)ဦးရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မြို့မ(၂)ရပ်ကွက်၊ အမှတ်(၁)မဲရုံနှင့် အမှတ်(၂)မဲရုံတွင် အသက်(၆၀) နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၃၂၇)ဦး ရှိကြောင်း ရပ်ကွက်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တွန်းဇံမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် တွန်းဇံမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ကြိုတင် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများရှိရာ အခြေခံအိမ်ထောင်စု (၈၀)စု အတွက် စားသောက်ကုန်များလိုက်လံ လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးကိစ္စများတွင် အခက်အခဲများမဖြစ်ပေါ်စေရန် ရည်ရွယ်၍  We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မလွှကုန်းရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများရှိရာ အိမ်ထောင်စု (၈၀) အတွက် အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ကြိုတင်မဲပေးနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများအား ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်ရှိ သုခကာရီဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ဈေးတန်းရပ်ကွက်ရှိ သုခကာရီ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃) နာရီခန့်က ဘိုးဘွားရိပ်သာ အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to