ကျောက်တံခါး အောက်တိုဘာ ၃၁
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးရာသီတွင် ရေတိုက်စားမှုကြောင့် ခိုင်ခံမှုအားနည်းနေသည့် တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ရေတိုက်စားမှုကြောင့် ခိုင်ခံမှုအားနည်းနေသည့် တံတားများမှာ အောင်မြင်မြို့နှင့် သဖန်းပင်ကျေးရွာသို့ ဆက်သွယ် ထားသောလမ်းပေါ်ရှိ ရိုးချောင်းတံတား၊ သရက်စိန်ကျေးရွာနှင့် မိုးမခကျေးရွာသို့ ဆက်သွယ်ထားသောလမ်းပေါ်ရှိ တောင်ကျ ရိုးချောင်းတံတား ၊ သရက်အုပ်ကျေးရွာနှင့် နတ်လောင်းကျေးရွာ သို့ဆက်သွယ်ထားသော လမ်းပေါ်ရှိ လယ်ကြားရိုး တံတားများဖြစ်ကြပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ရန်ပုံငွေဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရသည်။
စန်းစန်း(ပြန်/ဆက်)