တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် မဲရုံအသီးသီးတွင် တာဝန်ကျဝန်ထမ်းများ ကြိုတင် ဆန္ဒမဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀)နှစ်နှင့် အထက်အဘိုး/အဘွားများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ နှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများသည် အောက်တိုဘာလ ၂၉ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ကိုယ်တိုင် ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်သည့် နေရာ(Facility Quarantine) ဝင်ရောက်နေသူ(၂၁)ဦးအား ကြိုတင် ဆန္ဒမဲများပေးနိုင်ရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ် အနော်ရထာအဆောင်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  Facility Quarantine ဝင်ရောက်နေသူ (၂၁)ဦးအား ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး ယနေ့ နံနက်(၁၁)နာရီက နည်းပညာတက္ကသိုလ် Facility Quarantine ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ သက်ကြီးဘိုးဘွားများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနက် လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ အသက်(၆၀)နှစ် အထက် သက်ကြီး ဘိုးဘွားများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ လွိုင်ကော်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲ ပေးနေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်(ကယားပြည်နယ်တာဝန်ခံ)သည် ပြည်နယ်/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

တမူးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြည်သူ့ဆေရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ(၂)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆေးရုံမှဆင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အစုအဝေးလိုက် ကျန်ရှိနေသော မဲဆန္ဒရှင်များအား နောက်ဆက်တွဲမဲစာရင်းတွင် ထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ မည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အစု အဝေးလိုက် ကျန်ရှိနေသော မဲဆန္ဒရှင်များအား နောက်ဆက်တွဲ မဲစာရင်းတွင် ထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကိုကျင်းပခဲ့သည်။

ကျီခါးမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသည့်နေရာ(Quarantine Center)အတွက် (R.P.U.F)အဖွဲ့မှ လိုအပ်သော အသုံးအဆောင် ပစ္စည်းများ လှူဒါန်း ပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်များ အား မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှ တစ်ဆင့် စနစ်တကျပြန်လည် လက်ခံ၍ ကျီခါးမြို့  Quarantine Center ၌ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက်ထားလျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  Rural People Upliftment Foundation  (R.P.U.F) အဖွဲ့မှ Quarantine Center အတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ လှူဒါန်း‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ သီတင်းကျွတ်အခါသမယ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား သီတင်းကျွတ် အခါသမယ ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါ နန်းတော်ကျွန်း ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစွည်များ ခန္တီးမြို့နယ်သို့ရောက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစွည်း(၇)မျိုးသည် ယမန်နေ့ ညနေပိုင်းတွင် ခန္တီးမြို့သို့ ရောက်ရှိလာရာ ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးတို့က အမြန်ရေယာဉ်ဆိပ်တွင် လက်ခံ ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အသင်း(ရန်ကုန်)မှ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် လိုအပ်သောနေရာများ၌ အသုံးပြုရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ကွမ်းခြံကုန်းမြို့နယ်အသင်း(ရန်ကုန်)က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နံနက်ပိုင်းက အလှူငွေများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to