တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်တွင်းကြီး အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး‌ တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်နှင့် ရောဂါပိုးတွေ့ အတည်ပြုလူနာများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ပရပ်ကြယ် ကျေးရွာ Facility Quarantine စင်တာ ရှေ့တွင် ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် မကွေးတိုင်း‌ဒေသကြီး compounder သူငယ်ချင်းများနှင့် ပြင်ပအလှူရှင် သူငယ်ချင်းများ စုပေါင်းထည့်၀င်သည့် အလှူငွေနှစ်သိန်းကျပ်နှင့် Cap 300 တို့ကို ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ အတည်ပြု လူနာများ ထားရှိရာ ပရပ်ကြယ်တိုက်နယ်‌ဆေးရုံ (အဆောက်အဦသစ်) သို့ အလှူရှင်များကိုယ်စား သစ်ရာကောက်တိုက်နယ် ဆေးရုံမှ(compounder)ဦးရဲသူရက သွားရောက် လှူဒါန်းခဲ့ရာ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာဒေါ်ကြည်ကြည်မာက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)