တမူးမြို့တွင် ကားတစ်စီး ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား

တမူး     အောက်တိုဘာ    ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။

တမူးမြို့ စော်ဘွား(၇)ရပ်ကွက်၊ ဧမာနွေလ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့ ပြည်တော်သာလမ်းတွင်  ဦးနေဝင်းအောင် (ခ) ညီညီ မောင်းနှင်လာသော ယာဉ်အမှတ် MDY 1K----- ကားသည် နေမျိုးနွယ်ကားဂိတ်မှ မြို့တွင်းသို့ ပစ္စည်းပို့ရန် မောင်းနှင်လာစဉ် ကားအင်ဂျင် အပူလွန်ကဲပြီး အင်ဂျင်သို့သွယ်တန်းထားသော ဝါယာကြိုးများရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူများဝိုင်းဝန်း၍ ငြှိမ်းသတ် ပေးခဲ့ ကြောင်း၊ မီးလောင်မှုကြောင့် ကားအင်ဂျင်တစ်လုံးနှင့် ကားအတွင်းရှိ ထိုင်ခုံများပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)